Connect with us

Education & Health

အချိုရည်များတွင် သကြားဓာတ်ပါဝင်မှု နေပြည်တော်တွင် စတင် စစ်ဆေး


နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံနှင့်အဝန်း ဆီးချိုရောဂါ အဖြစ်များလာခြင်း၊ ဈေးကွက်အတွင်း အချိုရည်များ ပိုမို များပြားလာခြင်း တို့ကြောင့် အချိုရည်များတွင် သကြားဓာတ်ပါဝင်မှု အခြေအနေကို သုတေသန လုပ်နိုင်ရန်အတွက် နေပြည်တော်တွင် အချိုရည်များကို ယနေ့ စတင် စစ်ဆေးလျက်ရှိသည်ဟု နေပြည်တော် FDA မှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

“ ဈေးကွက်ထဲမှာ ရှိသမျှ အချိုရည် အားလုံးကို နမူနာကောက်ယူမယ်၊ အချိုရည်ထဲမှာပါဝင်တဲ့ သကြားဓာတ်ပါဝင်နှုန်းကို စစ်ဆေးမယ်၊ သကြားဓာတ်ပါဝင်နှုန်းက သတ်မှတ်ချက် ရှိတယ်၊ နောက် အဓိက ထည့်ကြတာကတော့ ဆေးသကြားပေါ၊့ အဲ့ဒါတွေ ထည့်တာတွေက ဘယ်လို အခြေအနေ ရှိလဲပေါ့၊ သုတေသန လုပ်တဲ့သဘောရယ် ဈေးကွက် ထောက်လှမ်းတဲ့ သဘောရယ်ပါ၊ ဒီဟာနဲ့ ဆက်စပ်နေတာက မြန်မာနိုင်ငံမှာ ဆီးချို ရောဂါဖြစ်ပွားနှုန်းတွေကလည်း တစ်နေ့ထက် တစ်နေ့ မြင့်မားလာတဲ့အတွက် ဒါကို ထိန်းချုပ်နိုင်ဖို့ ဒီစီမံချက်ကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နေပြည်တော် Junction တွင် အချိုရည် အချို့ကို စစ်ဆေးနိုင်ရန် FDA မှ တာဝန်ရှိသူတို့က ဝယ်ယူနေစဉ် (ဆင်ဟွာ)

နေပြည်တော် Junction တွင် FDA မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင် မီဒီသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

အရေးယူမှု အပိုင်းကတော့ ဥပဒေကြောင်းအရ ပြောမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ထောက်ခံချက် တောင်းတုန်းက နမူနာပေးတဲ့ ပုံစံက တစ်မျိုး တကယ့် ဈေးကွက် ထဲမှာ စားသုံးသူလက်ထဲ ရောက်မယ့် အခြေအနေမှာ ကျန်းမာရေးနဲ့ မညီညွတ်တာ တွေ့ရင် လုပ်ငန်း ရပ်ဆိုင်းပါမယ်၊ လုပ်ငန်း ထုတ်လုပ်ရောင်းချခွင့်ကို ပိတ်ပင်ပါမယ်၊ နိုင်ငံခြားက တင်သွင်းတယ် ဆိုရင် လည်း ကျွန်တော်တို့ပေးထားတဲ့ ထောက်ခံချက်ကို ပြန်ရုပ်သိမ်းမှာဖြစ်ပါတယ်” ဟု ဒေါက်တာ ထွန်းလင်းအောင်က မီဒီယာကို ရှင်းပြသည်။

ယခု စတင်ဆောင်ရွက်သည့် သုတေသနဆိုင်ရာ စုံစမ်း ထောက်လှမ်းမှုသည် အများပြည်သူအတွက် ကောင်းမွန်သော အဖြေတစ်ခု ထွက်လာလိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် ယခု စုံစမ်းမှုများကို နေပြည် တော် ရှစ်မြို့နယ်မြို့နယ်စလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် နှင့် တပ်ကုန်းမြို့နယ်တို့၌ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.