Connect with us

Environment, Disasters & Accidents

ကျိုက်မရောမြို့၌ ခရီးသည်တင်ယာဉ် လမ်းချော်တိမ်းမှောက်ကာ ၂ ဦး သေဆုံး

လမ်းချော် တိမ်းမှောက်သွားခဲ့သည့် ခရီးသည်တင်ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံဂူ ကျောက်မိုင်း အနီး၌ ဇွန် ၁၃ ရက်တွင် လမ်းချော်၍ ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုခရီးသည်တင်ယာဉ်သည်ခရီးသည်များတင်ဆောင်၍ ဘားအံသို့အသွား ခရုံဂူကျောက်မိုင်းအနီး၌ လမ်းချော် တိမ်းမှောက်ရာ အမျိုးသမီး ၁၀ ဦး နှင့် အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် အမျိုးသား ၁ ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ မော်လမြိုင် ဆေးရုံကြီး အရောက်တွင် သေဆုံးသွားကြောင်း ၊ ဒဏ်ရာရ လူနာများအား ရာမညလူမှု ကယ်ဆယ်ရေး အသင်း ၊ မော်လမြိုင်လူမှုကယ် ဆယ်ရေးအသင်းမှ ယာဉ်များ စုစုပေါင်း ယာဉ် (၇)စီးဖြင့် မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.