Connect with us

Environment, Disasters & Accidents

ကယားပြည်နယ်၌ ကမ်းပါးပြိုကျရာမှ လူတစ်ဦး ချောင်းအတွင်း မျောပါပျောက်ဆုံး

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းများပျက်ဆီးနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဇွန် ၁၃ ရက် ဘူးကလိန်ချောင်း ကမ်းပါးပြိုကျရာမှ လူတစ်ဦးချောင်းအတွင်း မျောပါပျောက်ဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိမိလယ်တောသို့ လယ်ယာလုပ်ငန်းဆောင်ရွက်ရန် သွားရောက်နေစဉ် ဘူးကလိန်ချောင်း ကမ်းပါးပြိုကျရာမှ မနန်းတု (အသက်- ၁၈ နှစ်)သည် ချောင်းအတွင်း မျောပါပျောက်ဆုံး၍ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လိုဘာခို-ခူးပရားကျေးရွာ ချင်းဆက်လမ်းပေါ်သို့ အလျား ၁၇၀ ပေ၊ အနံ ၈၀ ပေရှိ မြေသားပြိုကျ၍ လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၁၃ ရက် ည ၈ နာရီအချိန်တွင် ဒီးမော့ဆိုကျေးရွာအုပ်စု ဈေးကုန်းရပ်ကွက်ဘေးရှိ ငွေတောင်ချောင်းမှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၁ အိမ်ခန့် ရေဝင်ရောက်ခဲ့ရာ ချောင်းဘေးတွင် နေထိုင်သူ အိမ်ထောင်စု နှစ်စုအား ဘေးအန္တရာယ် မဖြစ်ပွားစေရေး နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.