Connect with us

Environment, Disasters & Accidents

ချောင်းကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ယင်းမြစ်ကမ်းပါးပြိုကျသည့် နေရာနှင့်နီးစပ်လျက်ရှိသည့်နေအိမ်တချို့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ မြစ်ကမ်းပါး အလျား (၂၅၀) ပေ၊ အနံ (၄၀) ပေ ပြိုကျခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ယင်းမြစ်ကမ်းပါးပြိုကျသည့် နေရာနှင့်နီးစပ်လျက်ရှိသည့် လူနေအိမ် (၁၁) လုံးရှိ အိမ်ထောင်စုမိသားစု ဝင်များအား ကမ်းနှင့်ဝေးရာရှိ ဆွေမျိုးများ၏ နေအိမ်များသို့ ခေတ္တပြောင်းရွေ့နေရာချထားပေးကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.