Connect with us

Environment, Disasters & Accidents

ဒလမြို့နယ်တွင်း ခရီးသည် ၁၁ဦးပါဝင်သော စက်တပ်သမ္ဗာန် နစ်မြုပ်၍ ၄ဦးပျောက်ဆုံး

နစ်မြုပ်သွားသော ရေယာဉ်မှ ပျောက်ဆုံးနေသော ခရီးသည်များအား ကယ်ဆယ်ရေးပြုလုပ်နေ သူများအား တွေ့ရစဉ်(ဓာတ်ပုံ- မြန်မာရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဆိပ်ကမ်းမြို့နယ်၊ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော ခရီးသည် ၁၁ဦးပါဝင်သော စက်တပ်သမ္ဗာန်လှေတစ်စီး နစ်မြုပ်၍ လူ ၄ဦးပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်

များပူးပေါင်း၍ ဝိုင်းဝန်းရှာဖွေခဲ့ရာ စက်လှေမောင်းသူ အပါဝင် ခရီးသည်(၁၁)ဦး အနက် (၈)ဦးအား အသက်ရှင်လျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး ခရီးသည် (၄)ဦးမှာ ပျောက်ဆုံးလျက်ရှိသဖြင့် ရန်ကုန်မြစ်အတွင်း ပူးပေါင်းအဖွဲ့မှ

ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရသည်။

စက်လှေအမှတ် (သမ/၃)သည် ဇွန် ၁၃ရက်နေ့ ည ၈နာရီ ၂၀မိနစ်တွင် ရန်ကုန်မြစ်အတွင်း မောင်းနှင်စဉ် ဆူးလေဂျက်တီအမှတ်(၂/၃)အရှေ့ရေပြင်အရောက်တွင် စက်ပျက်၍ ရေစီးနှင့်အတူ မျောပါခဲ့ပြီး ဂျက်တီတွင်

ဆိုက်ကပ်ထားသည့် CB တွဲအောက်သို့ ဝင်ရောက်ခဲ့ပြီး စက်လှေသည် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေကိုပေါ့လျော့စွာ မောင်းနှင်သူ ကျော်မင်းအား ဆိပ်ကမ်းမြို့မရဲစခန်း(ပ) ၁၃၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.