Connect with us

Environment, Disasters & Accidents

မတူပီ မြို့နယ် အတွင်း မြေပြိုကျမှု ဖြစ်ပွားပြီး ဘေးလွတ်ရာသို့ရွှေ့ပြောင်း

မတူပီ မြို့နယ် အတွင်း မြေပြိုကျမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ် လောင်ဗန်းရပ်ကွက် အတွင်း ယနေ့နံနက်ပိုင်း မြေပြိုကျမှု ဖြစ်ပွား ခဲ့သဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်း ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။

မတူပီမြို့နယ် လောင်ဗန်းရပ်ကွက်ရှိ (၂၄×၁၆×၁၇) ပျဉ်ထောင်(၂)ထပ်၊ (၂၅×၁၈×၁၃) ပျဉ်ထောင်(၁)ထပ် နေအိမ် တို့တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ကျား ၇ ဦး ၊ မ ၇ ဦးနှင့် ပစ္စည်းများအားဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ပြီး မြေပြိုကျခဲ့သည့် မြေစာများအား ရှင်းလင်းပေးခြင်းများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ၊ မိုးကုတ်မြို့ ၊ မင်းတံတား ရပ်ကွက် ၊ နယ်မြေ(၁၀) ၊ မိုးကုတ်-မန္တလေး လမ်းတွင် မြေပြို၍ မြေသားနှင့်သစ်ပင် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် မိုးကုတ် မြို့နယ် မီးသတ် စခန်းမှ ပူးပေါင်း၍ လမ်းပိတ်ဆို့မှု ရှင်းလင်းခြင်း ၊ မြေသားများ ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.