Connect with us

Environment, Disasters & Accidents

မိုးကုတ်မြို့နယ်တွင် မြေပြိုကျမှုကြောင့် လူ ၅ဦးသေဆုံး

မိုးကုတ်မြို့နယ်တွင် မြေပြိုမှုအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၆နာရီခန့်တွင် မြေပြို၍ အိမ်(၁)လုံးအတွင်းရှိ လူ ၅ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမြေပြို၍ အိမ်(၁)လုံးတွင် လူ(၅)ဦးပိတ်မိနေကြောင်း သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦး၊ အရန်(၆၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်း ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပိတ်မိနေသော လူငါးဦးအား သေဆုံးလျက်သာပြန်လည် တွေ့ရှိခဲ့ကြောင်း၊ မြေပြိုကျမှုကြောင့် အမျိုးသား ၅ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.