Connect with us

Environment, Disasters & Accidents

မော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ် နှင့် မဒေါက်မြို့တို့တွင် မြစ်ရေသတိပေးချက်ထုတ်ပြန်

မြစ်ရေသတိပေးချက် ထုတ်ပြန်သည့် ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၆)ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေ သည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၇)ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.