Connect with us

Environment, Disasters & Accidents

မုန်တိုင်းအလွန် ကာလ ရေကြီးရေလျှံခြင်းသတိပြု

မာရသာမုန်တိုင်း ဖြစ်ပေါ်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်ပျက်ပြယ်သွားပြီဖြစ်သောအပူပိုင်းမုန်တိုင်းမာရသာ(Marrutha)၏အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်း မိုးရွာသွန်းမှု များပြားပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

နောက်(၇၂)နာရီအတွင်းမြန်မာနိုင်ငံမြောက်ပိုင်း/အရှေ့မြောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(ဝ.၁)မီလီမီတာမှ (၂)မီလီမီတာအတွင်း ရှိနိုင်ကြောင်း နှင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌မိုးရွာသွန်းမှုပမာဏမှာတစ်နာရီ လျှင်(၁၀)မီလီမီတာမှ (၃၀)မီလီမီတာအတွင်းရှိနိုင်ကြောင်းတွေ့ရှိရပါသည်။မိုးရွာသွန်းမှုများပြားခြင်းကြောင့်ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းဖြစ်ပေါ်နိုင်သဖြင့်ပြည်သူများအနေဖြင့် အောက်ပါတို့အားအလေးထားဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(က) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများကိုစဉ်ဆက် မပြတ် နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာပါ၊အခြားသူများကိုလည်းမျှဝေပါ၊

(ခ) အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတန်းများကိုမိမိနှင့် အတူထားရှိပါ၊

(ဂ) မိသားစုဝင်များကွဲကွာသွားပါကပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက် ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူစသည်တို့အားရေးသားပြီးမိသားစုဝင်တိုင်းယူဆောင်ထားပါ။

၂။ အကယ်၍ ရေကြီးရေလျှံခြင်းဖြစ်ပွားပါက

(က) အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုပ်များကိုပိတ်ထားပါ၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကိုအသုံးမပြုပါနှင့်၊

(ခ) သောက်သုံးရေသန့်(သို့)ကျိုချက်ထားသောရေ(သို့) ရေသန့်ဆေးခပ်ထားသောရေကိုသာအမြဲသောက်သုံးပါ၊

(ဂ) တိရစ္ဆာန်များကိုမလိုအပ်ဘဲချည်နှောင်ထားခြင်းမပြုလုပ်ပါနှင့်၊

(ဃ) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီးပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့မသွားပါနှင့်။

၂။(င) ရေထဲတွင် မလိုအပ်ဘဲရေကူးခြင်း၊ လမ်းလျှောက်ခြင်းများမပြုလုပ်ပါနှင့်။

၃။ မြေပြိုမှု၊ တောင်ပြိုမှုဖြစ်ပွားလေ့ရှိသောနေရာများ၊ တောင်ကုန်းတောင်စောင်းများတွင်နေထိုင်သူများအနေဖြင့်အောက်ပါတို့အားသိရှိဆောင်ရွက်ရန်လိုအပ်ပါသည်

(က) မြေပြိုမည့် ရှေ့ပြေးလက္ခဏာများဖြစ်သည့် မိမိတို့၏နေအိမ်တံခါးများဖွင့်/ပိတ်ရာတွင် ကျပ်လာခြင်း၊ အိမ်၏ အုတ်နံရံများအက်လာခြင်း၊ ခြံစည်းရိုးများနေရာရွေ့လာခြင်း၊ သစ်ပင်များနေရာရွေ့ခြင်း၊ စောင်းလာခြင်း၊မြေများအက်ကွဲခြင်းစသည်တို့ကိုသတိပြုမိပါကအမြန်ရွှေ့ပြောင်းရန် ဆောင်ရွက်ပါ၊

(ခ) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုစုံရပ်တို့ကိုကြိုတင်သတ်မှတ်ထားပါ၊

(ဂ) မြေပြိုကျမှုဖြစ်ပွားပါက ၎င်းနေရာများအနီးသို့ မလိုအပ်ဘဲမသွားပါနှင့်၊

(ဃ) မြေပြိုကျမှုဖြစ်ပေါ်နေသောနေရာများတွင် ရောက်သွားပါကတတ်နိုင်သမျှ အမြန်ဆုံးဘေးလွတ်ကင်းရာနေရာသို့ပြေးပါ၊အမြန်ဆုံးမရှောင်ခွာနိုင်ပါကနီးစပ်ရာခိုင်ခံ့သောနေရာ/အဆောက်အအုံများတွင်ခိုလှုံပါ၊မြေပြိုမှုဖြစ်နေသောနေရာအနီးသို့လာသည့် အခြားလူနှင့် ယာဉ်များအားအသိပေးပါ။

၄။ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ချက်များအားစဉ်ဆက်မပြတ် လေ့လာကာအရေးပေါ်အချိန်တွင်သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် အကူအညီလိုအပ်ပါကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသည့် Call Centre ဖုန်းများဖြစ်သည့် ( ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ )တို့သို့ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းအသိပေးနှိုးဆော်အပ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.