Connect with us

Environment, Disasters & Accidents

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ လူနာစောင့် အဖြစ် လိုက်ပါလာသူ အမျိုးသားတစ်ဦး ဒုတိယထပ် ဝရန်တာမှ ခုန်ချမှု ဖြစ်ပွား

လူနာစောင့် အဖြစ် လိုက်ပါလာသူ ခုန်ချသည့် နေရာအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော မိခင် ဖြစ်သူအား လူနာစောင့်ရန် လိုက်ပါ လာသူ အမျိုးသား တစ်ဦးသည် ယနေ့စက်တင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် အဆောင်(၁၁-၁၂) ၊ အမြင့်(၂၅)ပေခန့်ရှိ ဒုတိယထပ် ဝရန်တာမှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုအမျိုးသားသည် အသက် ၃၆ နှစ် အရွယ်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဂေါ်သူဘူးကျေးရွာနေသူ ဖြစ်ကာ ၎င်းသည် လွန်ခဲ့သော (၃)လခန့်က ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင် (၁)လခန့် ဆေးကုသမှု ခံယူဖူးသူ ဖြစ်ကြောင်းနှင့် အရက်သေစာ အလွန်အကျွံသောက်စားသူဖြစ်သဖြင့် စိတ်ကစဉ့်ကလျားဖြစ်ကာ

ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ခုန်ချခဲ့ရာ ယာနံဘေးပွန်းရှဒဏ်ရာ၊ ယာခြေသလုံးဖူးရောင်ဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန် ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုမှုခံယူလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.