Connect with us

Environment, Disasters & Accidents

ရွှေပြည်သာ ဂတ်(စ်)ပိုက်လိုင်း မီးလောင်ပြီး နေအိမ်နှစ်လုံး မီးကူးစက်လောင်ကျွမ်း

ရွှေပြည်သာ ဂတ်(စ်)ပိုက်လိုင်း မီးလောင်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရွှေပြည်သာမြို့နယ် အမှတ်( ၄) လမ်းမကြီး ရဲကျောင်းမှတ်တိုင် အနီးရှိ ဗုံရွှေကုန်း ဂတ်(စ်)ပိုက်လိုင်းသည် ယနေ့ ညနေ ၅နာရီ ၃၀တွင် မီးစတင်လောင်ကျွမ်းပြီး နေအိမ်နှစ်လုံးမီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးထံမှ သိရသည်။

“ခု မီးငြိမ်းသွားပြီ ၁၈နာရီ ၂၀မှာပါ၊ အိမ်နှစ်လုံးတော့ မီးကူးသွားတယ်၊ ဆက်ပြီး မီးအကြွင်းအကျန်တွေ သတ်နေပါတယ်”ဟု ရွှေပြည်သာမြို့နယ်မှ မီးငြိမ်းသတ်နေသော မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 3 သတ်မှတ်ထားပြီး နေအိမ်များသို့ မီးမကူးစက်ရန် မီးငြိမ်းသတ်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဂတ်(စ်)ပိုက်လိုင်းဘေးရှိ နေအိမ်နှစ်အိမ်မှာ မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီ မိနစ် ၂၀ အချိန်တွင် မီးထိန်းထားနိုင်ပြီ း မီးကြွင်းမီးကျန်များ ငြိမ်းသတ်လျက်ရှိသည်။ (Xinhua)