Connect with us

Environment, Disasters & Accidents

မတ်လ လပတ် နှင့် မတ်လ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်ကြောင်း မိုးဇလထုတ်ပြန်

ဧရာဝတီမြစ်အားမြင်တွေ့ရစဉ်(ဓာတ်ပုံ--ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ)

မတ်လ လပတ် နှင့် မတ်လ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ၀ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်မော်မြို့နှင့် ကသာမြို့တို့တွင် ၃-ပေမှ ၄- ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့ ၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၂-ပေမှ ၃-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့ တို့တွင် ၁-ပေမှ ၂-ပေခန့် ၊ပြည်မြို့၊ ဆိပ်သာမြို့၊ဟင်္သာတမြို့ နှင့် ဇလွန်မြို့ တို့တွင်၃-ပေ မှ ၄-ပေခန့် လက်ရှိရေမှတ်များ၏အထက်မြင့်တက် လာနိုင်ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၁-ပေမှ ၂-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်လက်ရှိရေမှတ်များ၏အထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မတ်လ ပထမ(၁၀)ရက်ပတ် မြစ်ကြီးနားမြို့၊ ဗန်မော်မြို့နှင့် ကသာမြို့တို့တွင် ၁-ပေမှ ၂-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့ တို့တွင် ပေဝက်မှ ၁-ပေခန့်၊ ပခုက္ကူမြို့ ၊ညောင်ဦးမြို့၊ချောက်မြို့၊ မင်းဘူးမြို့ နှင့် မကွေးမြို့တို့တွင် ၁-ပေမှ ၃-ပေခန့် ၊ အောင်လံမြို့၊ပြည်မြို့၊ ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ ၄-ပေခန့်လက်ရှိရေမှတ်များ၏အထက်မြင့်တက်လာနိုင်ကြောင်း၊ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင်၁-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့် လက် ရှိရေမှတ်များ၏အထက်မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.