Connect with us

Environment, Disasters & Accidents

ရေညှောင့်နှုတ်ဝိုင်း ငှက်ကျက်စားသော မုတ္တမ ပင်လယ်ကွေ့ကို ရေတိမ် ဒေသအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည်

ရေညှောင့်နှုတ်ဝိုင်း ငှက်များကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရှားပါး စာရင်းဝင် ငှက်မျိုးစိတ် ဖြစ်သော ရေညှောင့် နှုတ်ဝိုင်း ငှက်များ ကျက်စားနေသည့် မုတ္တမ ပင်လယ်ကွေ့ကို ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် မုတ္တမ ပင်လယ်ကွေ့ကို ရေတိမ် ဒေသအဖြစ် သတ်မှတ်နိုင်ရန်နှင့် မိန်းမလှကျွန်းကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်နိုင်ရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောကို ကမ္ဘာ့အရေးကြီး ထိန်းသိမ်းရမည့် ရေတိမ်ဒေသအဖြစ် ပထမဆုံး အသိအမှတ် ပြုခံခဲ့ရပြီး အင်းတော်ကြီးကန်သည် ဒုတိယမြောက် ကမ္ဘာ့ရေတိမ် ဒေသတစ်ခုအဖြစ် ထပ်မံ အသိအမှတ် ပြုခံရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ရေတိမ်ဒေသများသည် သောက်သုံးရေ အပြည့်အဝ ပေးနိုင်သည့်အပြင် စိုက်ပျိုးရေး လုပ်ငန်း များနှင့် သားငါး အစားအစာများ စသည်ဖြင့် ဖြည့်ဆည်းပေးနိုင် ခြင်းကြောင့် အလွန်အရေး ပါလှသော ဒေသ များဖြစ်ကြောင်း၊ ယင်းဒေသများကို စနစ်တကျ ထိန်းသိမ်းနိုင်ရန် အလွန်အရေးကြီးသည့် အတွက် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ဒေသခံ ပြည်သူများကပါ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ရေတိမ်ဒေသများ၌ နှစ်စဉ်ရှားပါး စာရင်းဝင် ဆောင်းခိုငှက်များ လာရောက် သောကြောင့် ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များအား ဆွဲဆောင်ထားနိုင်သည့် အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ် မတ်လက နိုင်ငံတကာ ရေတိမ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း ဖြစ်သည့် Ramsar Convention အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117