Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွား

မြစ်ရေတိုက်စားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ဖားလက်ခိုကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်ညနေ ၃နာရီ ၃၀ မိနစ် အချိန်ခန့်က ဧရာဝတီမြစ်ရေ တိုက်စားမှု ကြောင့်မြစ်ကမ်းပါးသည် အလျား(၃ဝဝ)ပေ၊ အနံ(၂ဝဝ)ပေခန့် တဖြည်းဖြည်းပြိုကျ မှုဖြစ်ပွားခဲ့ရာ ၎င်းကျေးရွာရှိ လူနေ ဝါးအိမ်(၁၅)လုံး၊ သစ်အိမ်(၁၈)လုံး၊ စုစုပေါင်းနေအိမ်(၃၃)လုံးမှာ ဖျက်သိမ်းခဲ့ရပြီး အဆိုပါနေအိမ်များရှိ မိသားစုဝင်ကျား(၄၇)ဦး၊ မ(၅၆)ဦး၊ စုစုပေါင်း(၁ဝ၃)ဦးတို့သည် ၎င်းတို့၏ လုပ်စားမြေများ၊ နီးစပ်ရာဆွေမျိုးများ၏နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xiknhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.