Connect with us

Environment, Disasters & Accidents

ရမ်းဗြဲ မြို့နယ်၌ ခရီးသည်တင်ယာဉ် လမ်းဘေးချောက်အတွင်း ထိုးကျ တိမ်းမှောက် ၊ လူလေးဦး သေဆုံး

ရန်ကုန်-ကျောက်ဖြူကားလမ်း မိုင်တိုင်(၇၅/၂-၃)ကြား ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးသည် ဇန်နဝါရီ ၂၀ ရက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အနက် ၄၀ ပေခန့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူများ အနက် လေးဦးမှာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်-ကျောက်ဖြူကားလမ်း မိုင်တိုင်(၇၅/၂-၃)ကြား ပိန္နဲတောင် အဆင်းလမ်းကွေ့၌ ယာဉ်မောင်း အပါအဝင် စုစုပေါင်း ၂၄ ဦး လိုက်ပါလာသော ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက် သွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ လေးဦး သေဆုံးခဲ့ပြီး သံဃာ တစ်ပါး အပါအဝင် ငါးဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် စနဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူအား ရမ်းဗြဲမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)