Connect with us

Environment, Disasters & Accidents

ငလျင်ဒဏ်ခံရပါက ပြည်သူများ ပြုမူ ဆောင်ရွက်သင့်သည်များနှင့် အရေးပေါ် အဆက်အသွယ်များ


ရန်ကုန် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မြေငလျင် လှုပ်ခတ်မှုဒဏ် ကြုံတွေ့ရပါက ပြုမူဆောင်ရွက်သင့်သည့် အချက်များနှင့် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များအား ပြန်လည် ဖော်ပြအပ်ပါသည်။

ငလျင်ဒဏ် ခံရပါက ¬သတိပြုသင့်သည့် အချက်များ

ပြည်သူများအနေဖြင့် မည်သည့် အချိန်တွင် ငလျင်လှုပ်ခတ်မည်ကို ခန့်မှန်း၍ မရနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်မှုများ သေချာစွာ ဆောင်ရွက်သင့်ကြောင်း ၊ ငလျင်ဒဏ် ခံရပါက ဘေးအန္တရာယ် ရှိမည်မှာ အဆောက်အအုံ ပြိုကျခြင်းမျိုး ဖြစ်ခြင်းထက် အမြင့်တွင် ရှိသည့် ပစ္စည်းများ ပြုတ်ကျခြင်းသည် ပိုမို အန္တရာယ် ရှိကြောင်း ၊ နေအိမ် ၊ တိုက်ခန်းများတွင် အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် Air Con ၊ ဗီဒိုများ ၊ မီးဆိုင်းများ အနီးတစ်ဝိုက် အိပ်စက် နေထိုင်ခြင်းများ သတိပြုရန် လိုအပ်ကြောင်း ၊ ငလျင်လှုပ်ခတ်နေပါက နေအိမ်အတွင်းမှ ရုတ်တရက် ပြေးထွက်/ဝင်ခြင်းများ မပြုလုပ်ဘဲ မိမိနေရာတွင် ငလျင်ဒဏ် သက်သာမည့် နေရာအား ကြိုတင်ကြည့်ရှုထားသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

အင်အားကြီးမားသည့် ငလျင် လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်များ လှုပ်တတ်ကြောင်း သတိပြုကြရန် နှင့် နောက်ဆက်တွဲ ဘေးအန္တရာယ် အဖြစ် မီးဘေး ၊ ဆူနာမီ ၊ ရေကြီး ၊ မြေပြိုခြင်းများကို သတိပြုကြရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားသည်။

ငလျင်ဘေး ပညာပေး စာစောင်များအား တွေ့ရစဉ် (ဓာတ်ပုံ- Relief and Resettlement Department – Myanmar)

ငလျင် လှုပ်ရှားပြီးနောက် လိုက်နာသင့်သည့် အချက်များ

ငလျင် လှုပ်ပြီးနောက် အဆောက်အအုံ၏ ခိုင်ခံ့မှုကို စစ်ဆေးပြီးမှ ဝင်ရောက်ရန် ၊ မြေပြိုနိုင်သဖြင့် မြစ်ကမ်းပါး ၊ တောင်စောင်းများသို့မသွားရန် ၊ ဆည်ကျိုးပေါက်ပြီး ရေကြီးနိုင်သဖြင့် ဆည်ရေလှောင်ကန်များ အနီးတွင် မနေကြရန် ၊ တာဝါတိုင်များ ၊ မျှော်စင်များ ၊အထပ်မြင့် အဆောက်အအုံများ ပြိုကျနိုင်သဖြင့် အနီးသို့ မသွားရန် စသည့် အချက်များအား လိုက်နာသင့်သည်။

အရေးပေါ် အကူအညီ ရယူရန်

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

မြေငလျင်ဌာနခွဲ (နေပြည်တော်) ၀၆၇-၄၁၁၂၆၄ ၊ ၀၆၇-၄၁၁၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) ၀၁-၃၉၂၀၂၈၊ ၃၉၂၀၂၉

မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့(အရေးပေါ်) ၁၉၁

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အရေးပေါ်) ၁၉၉

လူနာတင်ယာဉ် (အရေးပေါ်) ၁၉၂

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၀၁-၂၅၆၁၁၂

များသို့လည်းကောင်း စုံစမ်းမေးမြန်း၍ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.