Connect with us

Environment, Disasters & Accidents

တိုက်ကြီးမြို့အနီး လှုပ်ရှားခဲ့သည့် မြေငလျင်ကြောင့် ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၊ အဆောက်အဦ တစ်ချို့ပျက်စီးဆုံးရှုံးမှုများရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေအိမ်တစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

တိုက်ကြီးမြို့အနီး အင်အား အသင့်အတင့်ရှိ မြေငလျင်ဒဏ်ကြောင့် ပြည်သူ ၂၄ ဦး ထိခိုက် ဒဏ်ရာ ရရှိမှု ရှိကာ နေအိမ် ၊ အဆောက်အဦ တစ်ချို့ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနမှ သိရသည်။

အင်အား အသင့်အတင့်ရှိ မြေငလျင်ဒဏ်ကြောင့် ကျား ၇ဦး၊ မ ၁၇ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကာ ဆေးရုံတက်ရောက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ အရ တိုက်ကြီးမြို့နယ်တွင် အောင်ချမ်းသာ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ပြိုကျ ၊ မဟာစည် ပုညရံသီ ဘုရားကြီးကျောင်း မုခ်ဦးပြိုကျ ၊ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်း မုခ်ဦး ပြိုကျ ၊ ရှမ်းကျောင်းကြီး စေတီ ထီးတော် စောင်းသွား ၊ တိုက်ကြီးမြို့ဗလီ ရေစင် ပြုတ်ကျ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးမျက်နှာကျက် ပြိုကျ၊ ရဲတပ်ဖွဲ့ လိုင်းခန်း ပြိုကျ ၊ ဥပဒေရုံးဝန်ထမ်းနေအိမ် ပြိုကျ၊ နေအိမ်အချို့အနည်းငယ်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်သူများ အနေဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သည့် ငလျင်ငယ်များနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ် ကြောင့်ကြမှုများ မရှိကြရန် ၊ တာဝန်ရှိသူများမှ ဘေးအန္တရာယ် လျော့ပါးရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် အန္တရာယ်ရှိနိုင်သည့် အခြေအနေကို တွေ့ရှိပါက သက်ဆိုင်ရာ သို့ သတင်းပေးပို့ ဆောင်ရွက်ကြရန်နှင့် ကြိုတင် သတိပြုရန် အချက်များကို လေ့လာ၍ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးနိုင်ရန် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.