Connect with us

Environment, Disasters & Accidents

စစ်ကိုင်း ရေကြီး ရေလျှံမှုကြောင့် အိမ်ပေါင်း ၁၃,၀၀၀ ကျော် ပျက်စီးဆုံးရှုံး

ကောလင်းမြို့နယ်၌ ရေကြီးနစ်မြုပ်မှုအား ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ များနှင့် ဒေသခံပြည်သူများက ကူညီကယ်ဆယ်မှုများ ဆောင်ရွကနေစဉ် (ဓာတ်ပုံ- MOI )

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်ကြီး ၇ မြို့နယ်တွင် ရေကြီး ရေလျှံမှုကြောင့် အိမ်ခြေပေါင်း ၁၃,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ရေကြီး ရေလျှံမှုကြောင့် အိမ် ၂၄ လုံး ရေထဲ မျောပါသွားပြီး လူပေါင်း ၅၀,၀၀၀ ကျော် ရေဘေး ဒုက္ခရောက်ခဲ့ ကြောင်း ၊ အဆိုပါ ရေကြီးမှုကြောင့် လူသေဆုံးမှုများလည်း ရှိကြောင်း ၎င်းကဆိုသည်။ကောလင်း၊ ဘုတလင်၊ ကန့်ဘလူ၊ အင်းတော်၊ ကျွန်းလှ၊ မင်းကင်း၊ ကနီ စသည့် မြို့နယ်များသည် ဇူလိုင်လ ၁၆ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း ရေကြီး ရေလျှံမှု ဖြစ်ပွားသည့် မြို့နယ်များထဲတွင် ကောလင်းမြို့၌ လူအသေအပျောက် များရှိနေသည်။

ကောလင်းမြို့၌ ကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်လှစ်ထားပြီး ရေလုံးဝ ဖုံးလွှမ်းသွားသည့် ကျေးရွာပေါင်း ၁၇ ရွာမှ ရေဘေးသင့် သူပေါင်း ၁,၅၀၀ ခန့် ရောက်ရှိ ခိုလှုံ နေထိုင်လျှက် ရှိသည်။

ဘုတလင် မြို့နယ်၌လည်း ရွာပေါင်း ၇ ရွာမှ အိမ်ခြေ ၁၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေး စခန်း ၄ ခုတွင် ရေဘေးသင့် သူပေါင်း ၁,၃၀၀ ခန့် ရှိနေသည်။စစ်ကိုင်းတိုင်း အတွင်းရှိ ရေဘေးသင့် ပြည်သူများကို ကြက်ခြေနီများ၊ အာဏာပိုင်များနှင့် လူမှုရေး အသင်း အဖွဲ့များက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျှက် ရှိသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၂၀ ရက်တွင် ကန့်ဘလူမြို့နယ်ရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်ပြီး ရေဘေး ဒုက္ခသည်များကို တွေ့ဆုံ အားပေး ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.