Connect with us

Environment, Disasters & Accidents

နေပြည်တော်တွင် ငလိုက်စခန်းသာ ဆင်ထိန်းစခန်း မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီ

နေပြည်တော်ရှိ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၁ (ဆင်ဟွာ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအား မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော ်(တောင်ပိုင်း) မှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ ပြောသည်။

“အခုအခြေအနေက ဆင်စခန်းဖွင့်လှစ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီဒီမှာ ဆင်သမားတွေနေတဲ့ ဆင်စခန်း ပုံစံတွေ၊ စားသောက် အပန်း ဖြေဖို့ ဘန်ဂလိုလေးတွေလည်းပြီးစီးနေပါပြီ၊ စားသောက်ဆိုင်တွေလည်း ရှိပါတယ်၊ လာရောက် လေ့လာတဲ့လူတွေ အဆင်ပြေဖို့စီစဉ်ထားပါတယ်၊ အခုဆိုရင် နေ့စဉ်ပုံမှန် လာရောက် လေ့လာ အပန်း ဖြေတဲ့လူက အယောက် လေး ငါးဆယ်လောက် ရှိပါတယ်၊ စခန်းဖွင်းပြီးရင် တစ်ဖြည်းဖြည်းနဲ့ ဆက်တိုးချဲ့ဖို့ရှိပါတယ်၊ မေလထဲမှာ ဖွင့်နိုင်အောင် စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆင်စခန်းကို ရန်ကုန် – မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် – ၂၁၇/ဝမှ တောလမ်း နှစ်ဖာလုံခန့် အကွာရှိ ငလိုက်ဆည်ဘေးတွင် သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော်(တောင်ပိုင်း) သစ်ထုတ်လုပ်ရေးဖွဲ့က ဖွင့်လှစ်နိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

လောလောဆယ်တွင် ထိုစခန်းအတွက် ဆင် ခုနစ်ကောင်အသုံးပြုရန်လျာထားပြီး ဧည့်သည် များပြားလာပါက သစ်ထတ်လုပ်ရေး စခန်းက အနားပေးထားသည့် ဆင်များကို ထည့်သွင်းသွားမည်ဟုလည်း သိရသည်။”ကျွန်တော်တို့မှာ နေပြည်တော်(တောင်)သစ်ထုတ်လုပ်ရေး တစ်ခုထဲမှာ ဆင်ကောင်ရေ ၁၁၀ ရှိပါတယ်၊ ၂၀၁၇ – ၁၈ သစ်ထုတ် ရာသီမှာ သစ်တန် ၇၀၀၀ ထုတ်ဖို့ အရှေ့နန်ချိုကြိုးဝိုင်းမှာ အလုပ်ဆင် ၃၅ ကောင်ပဲ သုံးတယ်။ ကျန်တဲ့ အကောင် ၆၀ ကျော်လောက်ကအနားပေးထားတဲ့ဆင်တွေပေါ့၊ ဒီမှာ လူတွေ စိတ်ဝင်စားမှုများလာတဲ့အခါ အဲဒီဆင်တွေ ဆွဲခေါ် ပြီး ဒီထက်ကြီးကျယ်တဲ့ ဆင်စခန်းကြီး ဖြစ်အောင် ဆောင်ရွက်သွားမှာပါ” ဟုလည်း ၎င်းက မီဒီယာကို ရှင်းပြခဲ့သည်။

လေ့လာ အပန်းဖြေမည့် ဧည့်သည်များအတွက် ပြည်တွင်း ဆစ်ဦး ဝင်ကြေး ၁၀၀၀ ကျပ်၊ ဆင်စီးခ တစ်ဦး ငါးထောင်ကျပ်၊ နိုင်ငံခြားသား အတွက် ဝင်ကြေး နှစ်သောင်းကျပ်နှင့် ဆင်စီးခ နှစ်သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။ငလိုက် စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွင် ဆင်များကြည့်ရှု့ခြင်း၊ ဆင်များအားရေပိုက်ဖြင့် ကိုယ်တိုင်ရေချိုးပေးခြင်း၊ ဆင်စီး၍ သက်ကြီးကျွန်းစိုက်ခင်း သစ်တောအတွင်း လေ့လာနိုင်ခြင်း၊ ဆင်များ၏ သဘာဝအတိုင်း နေထိုင်မှုအား ဆင်ဦးစီးနှင့်အတူလေ့လာနိုင်ခြင်း၊ ဆင်များအား အစာကျွေးခြင်း၊ ဆင်ဝန်ထမ်းကျေးရွာတွင် ဆင်ဝန်ထမ်းများ၏ နေထိုင်မှုဘဝအား လေ့လာနိုင်ခြင်း၊ ကမ်းခြေ စာသောက်ဆိုင်များတွင် အပန်းဖြေ အနားယူနိုင်ခြင်း၊ မော်တော်ဘုတ်စီး၍ ငလိုက်ဆည်အလှ ကြည့်ရှုနိုင်ခြင်းများ ဆောင်ရွက်နိုင်ကြောင်းလည်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.