Connect with us

Environment, Disasters & Accidents

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးကျေးရွာ၌ အလှူအစားအစာများ စားသုံးကာ သံဃာတော်များ နှင့် ဒေသခံ ပြည်သူများ အစာ အဆိပ်သင့်

အစာ အဆိပ်သင့်မှု ဖြစ်ပွားသူများ ကျန်းမာရေး ကုသမှု ခံယူနေစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးကျေးရွာ၌ အိမ်တက် ဆွမ်းကျွေးအလှူတစ်ခုမှ ကျွေးမွေး ဧည့်ခံ သော အစားအစာများအား စားသုံးပြီး သံဃာတော်ကိုးပါးနှင့် ဒေသခံပြည်သူ ၂၈ ဦးတို့သည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

သဘော့လိပ်ကြီးကျေးရွာ၌ ဧပြီ ၂၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အစာ အဆိပ်သင့်မှုကြောင့် အထက်လန်အောက်လျှောရောဂါများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုကျေးရွာသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံတပ်ရင်းမှ ဆေးကုသရေး အဖွဲ့နှင့်ကျေးလက် ကျန်းမာရေးအဖွဲ့တို့က သွားရောက်ကုသပေးခဲ့ရာ ကျန်းမာရေး ပြန်လည် ကောင်းမွန်ခဲ့ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.