Connect with us

Environment, Disasters & Accidents

ပုသိမ် မြို့နယ် အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉ လုံး ပြိုကျ ပျက်စီး

လေပြင်း တိုက်ခတ်မှုကြောင့် ဟသာင်္တ မြို့ နယ် အတွင်း ပြိုကျ ပျက်စီးခဲ့သည့် လူနေအိမ်များအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ် မြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ဇွန် ၉ ရက်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး နေအိမ် ပြိုကျမှုကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၅ လုံး ပြိုကျခဲ့ကာ နေအိမ် ၇ လုံး အမိုးလန်ခဲ့ကြောင်း ၊ သစ်ကိုင်း ကျိုးကျပိမိ၍ နေအိမ် ၂ လုံးတို့ ပျက်စီး ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် အတွင်းရှိ ကျေးရွာ ၉ ရွာတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၅လုံး ပြိုကျခဲ့ပြီး နေအိမ် ၂၂ လုံး အမိုးလန်ကာ သစ်ပင်လဲကျ ပိမိမှုကြောင့် နေအိမ် ၁ လုံးပျက်စီး ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.