Connect with us

Environment, Disasters & Accidents

ဇလွန်မြို့နယ်၌ လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်များ ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်များ ပျက်စီးနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့ ညနေ ၃ နာရီအချိန်မှ ၃ နာရီခွဲ အချိန်ခန့် အထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဇလွန်မြို့နယ် လမ်းမတော်မြောက်၊ ညောင်ပင်ဈေး၊ သာဓုချောင်း၊ ကူးတို့ဆိပ်၊ တောင်ပို့တစ်ရာ၊ အထွဋ်၊ ကျေးရွာအုပ်စု(၆)အုပ်စု၏ ကျေးရွာပေါင်း (၁၀)ရွာမှ လူနေအိမ်(၂၄)လုံး တွင်(၂၁)လုံး အမိုးလန်ခြင်း၊ (၃)လုံး ပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးနေအိမ်များ၏ လူပေါင်း (၁၁၃)ဦး လေဘေးသင့်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.