Connect with us

Environment, Disasters & Accidents

ကျောက်စိမ်း တူးဖော်ရာတွင် ကျောက်ကြော အခြေအနေရ ပေအနက် ၁၀၀၀ ထိ တူးဖော်နေရဟုဆို

ဖားကန်ဒေသ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းခွင် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်ဒေသ ရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများသည် ကျောက်ကြော အခြေအနေအရ ပေအနက် ၁၀၀၀ ထိ တူးဖော်နေရကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောကြားသည်။

၂ဝ၁၅ ခုနှစ် ပွင့်လင်းရာသီ ရောက်မှသာ လုပ်ငန်းများ ပုံမှန်လည်ပတ် လုပ်ဆောင်နိုင်ပြီး ကျောက်စိမ်း တူးဖော်ရာ ယခင်က အနက်ပေ ၂ဝဝ နှင့် ၃ဝဝခန့် တွင် တူးဖော် ထုတ်လုပ် နိုင်ခဲ့ကြသော်လည်း ကျောက်ကြော အခြေအနေအရ အနက်ပေ ၅ဝဝ ခန့် ကနေ ပေ ၁ဝဝဝ ခန့်အထိ တူးဖော် ထုတ်လုပ်လာရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျောက်စိမ်း တူးဖော်ထုတ်လုပ်ရာတွင် အပေါ်ယံမြေလွှာကို ရှေးဦးစွာဖယ်ရှားပြီးမှ ကျောက်ကြောပါ မြေစာကို တူးဖော်ထုတ်လုပ်ရခြင်းကြောင့် ယင်း အပေါ်ယံမြေစာကို မိုးတွင်း ကာလမရောက်မီ အချိန်မီ ဖယ်ရှားနိုင်မှသာ ကျောက်ကြောကို တူးဖော်ရတာဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောသည်။

အဆိုပါ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများသည် ၂ဝ၁၅ နိုဝင်ဘာ ၃ဝ ရက် စာရင်းများအရ လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေမှာ တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိကလုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့် ကုမ္ပဏီ ၂၃၁ ခုကိုအကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃ဝ ဧကကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် သတ္တုတွင်းဝန်ကြီးဌာနက ၂ဝဝ၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၈/၂ဝဝ၁)ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး အဆိုပါနယ်မြေအတွင်း ဧရိယာအကျယ်အဝန်းက ၁၇၅၂ဝ၆၄ ဧကရှိသည်။

၂ဝ၁၂ခုနှစ် မေ ၃၁ ရက်တွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ရပ်နားထားခဲ့ပြီး ၂ဝ၁၄ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြန်လည်လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း၊ ကျောက်စိမ်း တူးဖော်မှု ရပ်နားကာလ နှစ်နှစ်ကျော် ကြာမြင့်ခဲ့တဲ့အတွက် ပြန်လည်တူးဖော်ခွင့်ပြုတဲ့အခါမှာ တူးဖော်ရေးလုပ်ငန်းတွေကို ချက်ချင်းစတင်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးအောင်ညွှန်သိန်းက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.