Connect with us

Media

လယ်ဝေးမြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် သိန်း၁၇၈၀ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ နှင့် အတူ ၁၁ ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

နေပြည်တော် ကောင်စီ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်နှင့်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၁၇၈၆.၈ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ နှင့် တရားခံဟုယူဆရသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဩဂုတ်လ ၉ရက် နံနက် (၉) နာရီက လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် NISSAN ATLAS ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ဆာလဖျူရစ်အက်စစ် (၂၆၆၀) လီတာ နှင့်အတူ တရားခံဟု ယူဆရသူများအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ နေ့လည် (၁) နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့၌ အက်ဆစ်များသယ်ဆောင်လာသူ အပါအဝင် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ နေ့လယ် (၃) နာရီခွဲတွင်လည်း ရမည်းသင်းမြို့အထွက် ရန်ကုန် – မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၇၄/၆ အ နီးတွင် ဟိုက်ဒရိုကလိုရစ် အက်စစ် (၁၈၂၀၀) လီတာအား တင်ဆောင်လာသည့် (၂၂) ဘီးတွဲကားနှင့်အတူ တရားခံဟုယူဆရသူများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ညနေ ၅ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာ၊ အမှတ်(၃) ဆက်သွယ်လမ်းရှိ ဂိုဒေါင်အတွင်းမှ ဆာလဖျူရစ်အက်စစ် (၁၀၂၀၀) လီတာအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး သြဂုတ် (၁၀)ရက်မွန်းလွဲ (၂) နာရီ (၁၅) မိနစ် တွင် အက်စစ်များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ တစ်ဦးအား နမ့်စန်မြို့နယ်၊ လွိုင်လင် – နမ့်စန်သွားကားလမ်း (၈)မိုင် နတ်စင်အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း ဓာတုထိန်းချုပ်ပစ္စည်းများနှင့် အတူ တရားခံဟုယူဆရသော ဂျွန်ပီတာ (ခ)ဂျိုးစက်(၄၀)နှစ်၊ အောင်သိမ်း(၄၁)နှစ်၊ စိုးဝင်းဌေး(၄၀)နှစ်၊ ကျော်သူဟိန်း(၂၇)နှစ်၊ ရဲအောင်(ခ)ကိုရဲ(၃၆)နှစ်၊ ခင်မောင်ဦး(၃၄)နှစ်၊ ဇာနည်လင်း(၂၇)နှစ်၊ ဌေးဝင်းစိုး(ခ)ကုလား(၂၅)နှစ်၊ ကျော်စွာမြင့်(ခ)ကျော်စွာ(၄၉)နှစ်၊ ထက်အောင်ပိုင်(ခ)ကိုပိုင်(၃၀)နှစ် နှင့် သန့်ဇင်ဦး(ခ) သန့်ဇင်(၄၀)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117