Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် ဖြတ်ကျော်စဉ် ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း လေဒဏ်၊ မိုးဒဏ် ခံရနိုင်

မုန်တိုင်းငယ် ဖြတ်သန်းမှုပြ မြေပုံ (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အပူပိုင်း မုန်တိုင်း 01b သည် လွန်ခဲ့တဲ့ (၆) နာရီအတွင်း မြောက် အရှေ့ယွန်းယွန်း(North-Northeastwards) သို့ တစ်နာရီ (၈) မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလာခဲ့ပြီး၊ အရှေ့မြောက်ဖက်သို့ ပိုမို ရောက်ရှိ လာနိုင်ကြောင်း ၊ မေလ ၂၁ ရက်တွင် မုန်တိုင်းကမ်းကို ဖြတ်ကျော်စဉ် မုန်တိုင်း၏ ဗဟိုချက် (landfall point) မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းကို ဝင်ရောက်မည် ဖြစ်သော်လည်း အန္တရာယ်များသော မုန်တိုင်းရဲ့ ညာဖက်ခြမ်း (dangerous right hand semi-circle) ကမူ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းပေါ်တွင် ကျရောက်မည် ဖြစ်သည့် အတွက် လေဒဏ်၊ လှိုင်းဒဏ် မိုးဒဏ် တွေ့ကြုံ နိုင်ကြောင်း၊ လေပြင်း တစ်နာရီ မိုင် (၄၀ -၅၀) ခန့် နဲ့ လှိုင်းအမြင့် (၁၀-၁၄) ပေခန့် ရှိနိုင်ကြောင်း ၊ မုန်တိုင်း ဒီရေ (၁-၂) ပေခန့်သာ တက်နိုင်သည်ဟု ခန့်မှန်းကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

အဆိုပါ မုန်တိုင်းသည် နောက် (၂၄) နာရီမှ (၃၆) နာရီ အတွင်း အများဆုံး လေတိုက်နှုန်း တစ်နာရီ (၆၅) မိုင်အထိ မြင့်တက်လာကာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်ကြောင်း၊ နောက်ထပ် (၉၆) နာရီအတွင်း တဖြည်းဖြည်းချင်း အားလျော့ ပျက်ပြယ်သွားနိုင်ကြောင်း၊ မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း မြို့အနီးမှ ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း ဦးထွန်းလွင်က ဆိုသည်။ ပင်လယ်ပြင်တွင် အများဆုံး ပင်လယ်ရေလှိုင်း အမြင့် (၁၆) ပေခန့် အထိ ရှိနိုင်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ နယ်လိုရီမြို့၏ အရှေ့မြောက်ဘက် မိုင် (၈၀) ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် (၉၀) ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက် တောင်ဘက် (၇၄၅) မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၇၆၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက် (၂၄) နာရီအတွင်း ပိုမို အားကောင်းလာကာ၊ ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်း ရပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ် ထူထပ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.