Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည့် အခြေအနေမရှိ

မိုးလေဝသ တိုင်းထွာချက်ပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော မန်နာ ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ် တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ်ရကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

၎င်းမုန်တိုင်းငယ်သည် နောက် (၁၂) နာရီအတွင်း မြောက်-အနောက်မြောက်ဘက် ရွေ့လျားပြီးနောက် ပိုမို အားကောင်းလာမည်ဟု ခန့်မှန်း ရကြောင်း၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၃၅) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက် မိုင် (၇၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၃း၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.ဝ) ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၁.ဝ) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁,၀၀၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်နှုန်း ဖြစ်ပါသည်။
အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင်‌့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်မည်ဖြစ်ပြီး၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀)မှ (၃၅) မိုင်အထိ တိုက်ခတ် နိုင်ကြောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင်‌့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့် ကြိုတင်သ တိပြုရန် လိုအပ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.