Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ်ဖြတ်ကျော်စဉ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း လေဒဏ်၊ မိုးဒဏ်ခံရနိုင်

မုန်တိုင်းငယ်ဖြတ်သန်းမှုပြမြေပုံ အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း 01b သည် လွန်ခဲ့တဲ့ (၆) နာရီအတွင်း မြောက်အရှေ့ယွန်းယွန်း (North-Northeastwards) သို့ တစ်နာရီ (၈) မိုင်နှုန်းခန့်ဖြင့်ရွေ့လျားလာခဲ့ပြီး၊ အရှေ့မြောက်ဖက်သို့ ပိုမိုရောက်ရှိလာနိုင်ကြောင်း ၊ မုန်တိုင်းကမ်းကိုဖြတ်ကျော်စဉ် မုန်တိုင်း၏ ဗဟိုချက် (landfall point ) မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ဝင်ရောက်မည်ဖြစ်သော်လည်း အန္တရာယ်များသော မုန်တိုင်းရဲ့ညာဖက်ခြမ်း (dangerous right hand semi-circle) ကမူ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းပေါ်တွင် ကျရောက်မည်ဖြစ်သည့် အတွက် လေဒဏ်၊ လှိုင်းဒဏ် မိုးဒဏ် တွေ့ကြုံနိုင်ကြောင်း၊ လေပြင်း တစ်နာရီ မိုင်(၄၀ -၅၀)ခန့် နဲ့ လှိုင်းအမြင့် (၁၀-၁၄) ပေခန့် ရှိနှိုင်ကြောင်း ၊မုန်တိုင်းဒီရေ (၁-၂) ပေခန့် သာတက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ခန့်မှန်းပြောခဲ့သည်။

အဆိုပါမုန်တိုင်းသည် နောက်(၂၄) နာရီမှ (၃၆) နာရီ အတွင်း အများဆုံးလေတိုက်နှုန်း တစ်နာရီ (၆၅) မိုင်အထိမြင့်တက်လာကာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကိုရောက်ရှိလာနှိုင်ကြောင်း၊နောက်ထပ် (၉၆) နာရီအတွင်း တဖြည်းဖြည်းချင်း အားလျော့ပျက်ပြယ်သွားနှိုင်ကြောင်း၊ မုန်တိုင်းသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်ဟု ခန့်မှန်းရကြောင်း ဦးထွန်းလွင်ကဆိုသည်။ ပင်လယ်ပြင်တွင် အများဆုံး ပင်လယ်ရေလှိုင်းအမြင့် (၁၆) ပေခန့်အထိရှိနှိုင်ကြောင်း၊ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်း နှင့် ယင်း နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် သည် အိန္ဒိယနိုင်ငံ၊ နယ်လိုရီမြို့၏ အရှေ့မြောက်ဘက် မိုင် (၈၀) ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့တောင်ဘက်မိုင် (၉၀) ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင် ဘက် (၇၄၅) မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၇၆၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၂၄) နာရီအတွင်း ပိုမိုအားကောင်းလာကာ၊ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117