Connect with us

Environment, Disasters & Accidents

မြစ်ကမ်းပါးပြိုကျသဖြင့် ကျေးရွာပြောင်းရွှေ့နေထိုင်ရသည့် ထုံးမကြီးကျေး ရွာ ထပ်မံနေရာ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိ

ထုံးမကြီးကျေးရွာပြောင်းရွှေ့မည့်နေရာသစ်အားကြည့်ရှုနေကြစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ထုံးမကြီးကျေးရွာသည် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများပြိုကျ၍ လူနေအိမ် များ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး၊ လက်ရှိတွင် ဧရာဝတီ မြစ်ရေ ထပ်မံမြင့်တက်နိုင်ချေရှိသည့်အတွက် ထပ်မံနေရာ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ထုံးမကြီးကျေးရွာ ထပ်မံပြောင်းရွှေ့ရန် စီစဉ်သည့်နေရာမှာ မန်းရေနံမြေအတွင်းရှိ ကွင်းအမှတ်(၁၂၃၂)နှင့် (၁၂၃၅)ရှိ ယာမြေ (၂၅)ဧကတွင် ကျေးရွာပြောင်းရွှေ့နေ ထိုင်ရန် စီစဉ်လျက်ရှိကြောင်းသရသည်။
ယခင် ကျေးရွာဟောင်း၏ အနောက်ဘက် မန်းကျိုးကျေးရွာ၏ မြောက်ဘက်ရှိ ကွင်းအမှတ် (၁၂၁၅)တွင် အိမ်ထောင်စု (၁၇၆) အိမ် ပြောင်းရွှေ့ နေထိုင် ခဲ့သော်လည်း ဧရာဝတီမြစ်ရေမြင့်တက် လာသည့်အခါ ကျေးရွာအတွင်း မြစ်ရေအမြင့် (၁၃)ပေထိ မြင့် တက်ခဲ့ပြီး နှစ် စဉ် မြစ်ရေဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကျေးရွာနေပြည်သူများမှာ မြစ်ရေမြင့် တက်လာသည့်အခါ အိမ်ထောင် ပရိဘောဂများနှင့် နွားစာများ ထားရှိရန် အခက်အခဲဖြစ်နေလျက်ရှိပြီး နှစ်စဉ် ကြုံတွေ့ရမည့် အခက်အခဲများကြောင့် ကျေးရွာနေရာ ထပ်မံ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိရာ စက်တင်ဘာလ(၂၃)ရက်နေ့ တာဝန်ရှိသူများက ကျေးရွာ အသစ် နေရာ အားကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.