Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ ရေကြီးမှုဖြစ်ပွား၊ ကယ်ဆယ်ရေးများ အရေးပေါ် ဆောင်ရွက်


ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ရေကြီးမှုများဖြစ်ပေါ်နေရာ အရေးပေါ် ကယ်ဆယ်ရေးများ ဆောင်ရွက်နေရကြောင်း မော်လမြိုင်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရေကြီးမှုဖြစ်ပေါ်မှုကြောင့် မြို့နယ်အချို့ရှိ ဆေးရုံ၊ နေအိမ်များ ရေဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွေ့နေရ ကြောင်း သိရသည်။” ဆေးရုံက နေလို့မရတော့ဘူး။ လူနာတွေကို မြနန်ဘုန်းကြီးကျောင်းကို အရေးပေါ်ရွှေ့ထားတယ်။ အခု ကယ်ဆယ်ရေးနဲ့ကျွန်တော်တို့အရမ်းရှုပ်နေတယ်။ အားလုံး ကမန်းကတန်းလုပ်နေရတယ်” ဟု မုတ္တမဆေးရုံအခြေအနေနှင့် ပတ်သက်ပြီး မုတ္တမတိုက်နယ် ဆေးရုံအုပ် ဒေါက်တာဇာနည်အောင်က ဆင်ဟွာသို့ပြောကြားသည်။

ပေါင်မြို့နယ် မုတ္တမကျေးရွာ တိုက်နယ်ဆေးရုံအနီးတွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် သထုံခရိုင်ရဲတပ်ဖွဲ့မှ ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(ဓာတ်ပုံ- သထုံခရိုင်ရဲတပ်ဖွဲ့)

မုဒုံမြို့နယ် ခိုင်ရွှေဝါလမ်းတွင်လည်း ရေများ တက်လာသဖြင့် အိမ်များစွာ ရေနစ်မြုပ် နေကြောင်း၊ မော်လမြိုင်မြို့တောင်ဝိုင်းရပ်ဥယျာဉ်လမ်းနယ်မြေ၁၀ ရှိနေအိမ်များလည်း ရေမြုပ်နေသဖြင့် အရေးပေါ်ကယ်ဆယ်ဆောင်ရွက် နေကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။(Xinhua)