Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ဦးရေ တိုးလာ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ လူနေအိမ် အချို့ရေဝင်နေသည်များကို တွေ့ရစဉ်(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သေဆုံးသူ ဦးရေ ၁ ဦး ထပ်မံ တိုးလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅ ဦးအထိ ရှိလာခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရေဘေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၇ ရက်ထိ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦးနှင့် ကချင်ပြည်နယ်တွင် ၂ ဦးထိသာ ရှိခဲ့ရာမှ သြဂုတ် ၈ ရက်နေ့စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၁ ဦး ထပ်မံ တိုးလာခဲ့ခြင်း ဖြစ်သည်။
ထို့အတူ နာဆာဂြိုဟ်တုမှ သြဂုတ် ၈ ရက် တိုင်းတာချက်အရ မိုးရေများ ၊ ချောင်းရေများ ၊ တောင်ကျရေများ၊ မြစ်ရေများ စီးဆင်းမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်မြို့နယ် နှင့် မအူပင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မင်္ဂလာဒုံမြို့နယ်တို့တွင် ရေဖုံးလွှမ်းခံရမှု အလားအလာ ရှိသော ဒေသများ ဖြစ်ပေါ်နေကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ၎င်း၏ Facebook စာမျက်နှာတွင် သတိပေး ရေးသားထားသည်။
ရေဘေး ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၈ ရက်အထိ ၂၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ရေဘေးသင့်သူ ၃၇၇,၆၆၇ ဦးရေ အထိ ရှိလာခဲ့ပြီး မျောပါ ၊ ပျက်စီး အိမ်ခြေမှာ ၁၂၆ လုံး ထိ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ရေဘေး ဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုသို့စုစုပေါင်း ငွေကျပ် ၄၀၁,၈၂၀,၃၄၁ ထောက်ပံ့ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.