Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့လေထုညစ်ညမ်းမှု တိုင်းတာမှု ရလဒ်များကို ဧပြီတွင် ထုတ်ပြန်မည်

စက်မှုလုပ်ငန်းများ တိုးတက်လာသည့် နှင့် အမျှ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု မြင့်တက်လာနေသည် ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုကို တိုင်းတာမှုရလဒ်ကို ဧပြီဒုတိယပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

ရန်ကုန်မြို့တွင်းရှိ တိုင်းတာရန် ရွေးချယ်ထားသော နေရာ ၆၄ နေရာမှ ၄၂ နေရာကို တိုင်းတာပြီးစီးသွားပြီ ဖြစ်ပြီး ၂၂ နေရာသာ တိုင်းတာရန် ကျန်ရှိကာ ယင်းတို့မှာ မင်္ဂလာဒုံစစ်သင်္ချိုင်း၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ ငမိုးရိပ်ရေလှောင်တမံ၊ ခရေပင်လမ်းခွဲ၊ မာလာဆောင်အနီး၊ လှိုင်သာယာ၊ ကျိုက်ဝိုင်းလမ်းဆုံ၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ FMI ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံတက္ကသိုလ်နှင့် စိတ်ကျန်းမာရေးဆေးရုံ စသည်တို့ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှု တိုင်းတာမှုစစ်တမ်းတွင် ဒြပ်စင် ၁၁ မျိုးကို တိုင်းတာခဲ့ပြီး တိုင်းတာရန်ကျန်ရှိသော နေရာများကို ထပ်မံတိုင်းတာ၍ ယင်းရလဒ် များကို ထုတ်ပြန်ပေးမည်ဖြစ်သည်။

အဆိုပါတိုင်းတာချက်အရ ယာဉ်အသွားအလာများသည့် နေရာများ၌ အမှုန်အမွှားများပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒြပ်စင် ပိုမိုများနေကြောင်း သိရသည်။လေထုတိုင်းတာချက်အဖြေပေါ်မူတည်၍ ရှေ့လုပ်ငန်းစဉ်များအဖြစ် လေထုညစ်ညမ်းသော နေရာများနှင့် ကာဗွန်ဒိုင်အောက် ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက် များသော နေရာများတွင် စစ်ဆေးမှုများပြုလုပ်ကာ လူကိုအန္တရာယ်ပြုနိုင် သည့် ဒြပ်စင်ကို လျှော့ချနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် Guide Line တွင် တစ်နှစ်ပတ်လုံး လေထုညစ်ညမ်းစေသည့် ဒြပ်စင်ပါဝင်မှု ၅ဝ မိုက်ခရိုပါမီတာကျု သတ်မှတ်ထားသော်လည်း လက်ရှိ မြန်မာနိုင်ငံလေထုအတွင်း ညစ်ညမ်းစေသည့် အမှုန်အမွှားများ ပါဝင်နေမှုသည် တချို့သော နေရာများ၌ ၁ဝဝ-၂ဝဝ အကြားတွင်ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါလေထုတိုင်းတာမှု စံနှုန်းသတ်မှတ်ချက် ပေါ်ပေါက်မှသာလျှင် နောင်လာမည့် နှစ်အတွင်း လျှော့ချရန် နည်းလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.