Connect with us

Environment, Disasters & Accidents

လက်ရှိရေအမှတ်များထက် မြင့်တက်နိုင်သည့် မြစ်ရေ အမှတ်များအား မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံတွင် မြစ်ရေမြင့်တက်လျက်ရှိသော ဧရာဝတီမြစ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊မတ် ၁၈ ရက် (ဆင်ဟွာ)

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၆ခုနှစ်၊ မတ်လ တတိယ(၁၀)ရက်ပတ် အတွက် မြစ်ရေခန့်မှန်းချက် နှင့် လက်ရှိရေအမှတ်များထက် မြင့်တက်နိုင်သည့် မြစ်ရေ အမှတ်များအား မတ်လ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်မော်မြို့နှင့် ကသာမြို့တို့တွင် ၂-ပေမှ ၃-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို ၊မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၁-ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၁-ပေမှ ၁-ပေခွဲခန့် နှင့် မော်လိုက် မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်လက်ရှိရေမှတ်များအထက် မြင့်တက် နိုင်သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.