Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် အချိန်အခါ မဟုတ် မိုးထစ်ချုန်း ရွာနိုင်

မတ်လ ၁၉ ရက် မှ မတ်လ ၂၁ ရက်ထိ မိုးရေးချိန်လက်မပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မိုးလေဝသ တိုင်းထွာချက်အရ စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲ ၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်အား မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့မြန်မာ စံတော်ချိန် ၁ နာရီခွဲ အချိန် မိုးလေဝသ တိုင်းထွာချက်အရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် မတ်လ ၂၁ ရက်မှ ၂၄ ရက် အတွင်း ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် နေရာကျဲကျဲနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း သတိပေးထားသည်။

မတ်လ ၁၈ ရက်မှ ဧပြီလ ၆ ရက်အထိ မိုးရွာသွန်းမှုများမှာ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသ များသာ မိုးရွာနိုင်ပြီး ကျန်ဒေသများတွင် မိုးလျော့နည်း နေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ထုတ်ပြန် ထားသည်။(Xinhua)