Connect with us

Environment, Disasters & Accidents

အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်

အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသည့် ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ၂၄ နာရီခန့်က အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင်‌့ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားနည်းနေကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြောက်ပိုင်းဒေသများ နှင့် အရှေ့ပိုင်းဒေသများတွင် တိမ်ထူထပ်နေပြီး၊ ကျန်ဒေသများမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေကြောင်း သိရသည်။

အောက်တိုဘာလ ၂ရက်နေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျိုင်းတုံမြို့မှာ (၁.၇၇) လက်မ၊ တောင်ကြီးမြို့မှာ (၁.၄၆)လက်မ၊ ကျောက်ဖြူ မြို့မှာ (၁.၁၄)လက်မ၊ လွို င်ကော်မြို့မှာ (ဝ.၉၄)လက်မနဲ့ မြင်းခြံမြို့မှာ(ဝ.၇၅)လက်မ တို့ ဖြစ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.