Connect with us

Environment, Disasters & Accidents

သံတွဲမြို့တွင် မီးလောင်ကျွမ်းမှုကြောင့် နှစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ၊သံတွဲမြို့ အမှတ် ၅ ရပ်ကွက် တွင် မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ-မျိုးသန့်)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊သံတွဲမြို့ အမှတ် ၅ ရပ်ကွက် တွင် ယနေ့ နေ့လည်ပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သံတွဲမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်.

သံတွဲမြို့ အမှတ်၅ ရပ်ကွက် ငကြော်တောင်ကျောင်းရှေ့နားကအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ လင်မယား နှစ်ဦး မီးဖိုခန်း၌ ပိတ်မိပြီး သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ် ၊သံတွဲမြို့ အမှတ် ၅ ရပ်ကွက် တွင် မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ-မျိုးသန့်)

“ပိတ်မိနေတဲ့ လင်မယားနှစ်ယောက်ကို ကယ်ဖို့ကြိုးစားပြီး အထဲရောက်တော့ သူတို့ သေဆုံးနေပါပြီ”ဟု သံတွဲမြို့ရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုမှာ ပေါ့ဆမှုကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊သေဆုံးသူ နှစ်ဦး၏ နေအိမ်နောက်ဘက်တွင် မီးခိုးမွှန်ပြီး ပိတ်မိနေခဲ့ကာ ပြတင်းပေါက်အားလုံးမှာလည်း သံဇကာများ တပ်ဆင်ထားသဖြင့် ထွက်၍မရနိုင်သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှုသည် နေ့လည် ၁၂နာရီ ၁၅မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ နှင့် ဒေသခံများ ပူးပေါင်းမီးငြိမ်းသတ်မူကြောင့် ၁၂နာရီ ၄၅ ချိန်တွင်မီးညွန့်ကျိုးသွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.