Connect with us

Environment, Disasters & Accidents

ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အခွန်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ ၆ ဦး ဒဏ်ရာရ

ရန်ကုန်မြို့တွင်း သွားလာနေသူများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)၏ ၃လွှာ၌ ယနေ့ (ဇွန် ၅ရက်) နေ့လယ် ၁၂ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။” ပေါက်ကွဲချိန် အဲဒီရုံးထဲက ခုံနားမှာ လာထိုင်နေတဲ့ မ(၆)ဦး မစိုးရိမ်ရ ဒဏ်ရာရလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေစစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောသည်။

အဆိုပါ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)၏ ၃လွှာသို့ ပေါက်ကွဲမှုပြုလုပ်ခဲ့သူ လူတစ်ဦးသည် မြေညီထပ်မှ လှေကားအတိုင်းတက်လာကာ အများပြည်သူ သံထိုင်ခုံဘေး၌ အထုပ်(၁)ထုပ်အားချ၍ လှေကားအတိုင်း ပြန်လည်ထွက်ခွာသွားပြီး ယင်းအထုပ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)