Connect with us

Myanmar

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲတွင် အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်မြင်

တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပသော AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် အိန္ဒိယလက်ရွေးစင် ဖူဆယ်အသင်းတို့ အောက်တိုဘာ ၉ ရက်ကယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ- MFF Fustal)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် အသင်းသည် AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲ၏ ခြေစစ်ပွဲကိုအုပ်စု (င)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု ဒုတိယဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ မီဒီယာအရာရှိ ဦးညီညီမိုးအောင်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။

တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပသော AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် အိန္ဒိယလက်ရွေးစင် ဖူဆယ်အသင်းတို့ အောက်တိုဘာ ၉ ရက်ကယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ- MFF Fustal)

တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပသော AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် အိန္ဒိယလက်ရွေးစင် ဖူဆယ်အသင်းတို့ အောက်တိုဘာ ၉ ရက်ကယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ- MFF Fustal)

ဦးညီညီမိုးအောင် “၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်ကနေစပြီး ထိုင်းနိုင်ငံမှာ ကျင်းပမယ့် AFC Futsal Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ အခုလိုခြေစစ်ပွဲ အောင်မြင်ဖို့အတွက်က ကျွန်တော်တို့ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းကနေ အသင်းကို ကစားသမား ၂၀ ကျော်နဲ့ camp သွင်းထားတာပေ့ါ။ သြဂုတ်လက ထိုင်းနိုင်ငံက ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုမှာ သွားပြိုင်တယ်။ အဲဒီမှာလည်း အဆင့် ၄ ရခဲ့တယ်။ အဲဒီကပြန်လာပြီး လေ့ကျင့်မှုတွေဆက်လုပ်တယ်။ တာဂျစ်ကစ္စတန်နိုင်ငံကို မသွားခင် ထိုင်းနိုင်ငံမှာ ၁၀ ရက်စခန်းသွင်းလေ့ကျင့်တယ်။ ပြီးတော့မှ တာဂျစ်ကစ္စတန်နိုင်ငံကို သွားတယ်။ အဲဒီမှာ ၃ ပွဲကစားတယ်။ ၂ ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်တယ်ပေ့ါ” ဟု ပြောသည်။

မြန်မာအသင်းနှင့် အတူ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ ဘာရိန်း၊ တောင်ကိုရီးယား၊ ကာဂျစ်စတန်၊ အာဖဂန်နစ္စတန်၊ ဩစတြေးလျ၊ ဂျပန် စသည့် လက်ရွေးစင်ဖူဆယ်အသင်းတို့လည်း ခြေစစ်ပွဲ အသီးသီးအောင်မြင်ခဲ့ကြောင်း သိရသည်။

“မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာဆိုရင် ၂၀၁၆ ခုနှစ်မှာ ဒုတိယရခဲ့တယ်။ ၂၀၁၇ ခုနှစ် တတိယရခဲ့တယ်။၂၀၁၉ ခုနှစ်မှာ စတုတ္ထရခဲ့တယ်။၂၀၂၂ မှာလည်း အဆင့် ၄ ရခဲ့တယ်။ နောက်ဆုံး ဗီယက်နမ်နိုင်ငံ ဆီးဂိမ်းစ်မှာလည်း အဆင့် ၄ ရခဲ့ပါတယ်” ဟု ဦးညီညီမိုးအောင်က အောင်မြင်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)