Connect with us

Environment, Disasters & Accidents

ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်း ၁၉ လောင်း ပြန်လည်တွေ့ရှိ

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ကယ်ဆယ်ရေးဆောင်ရွက်စဥ် (ဓာတ်ပုံ-ဖားကန့်ဒေသခံတစ်ဦး)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေ သူများ၏ ရုပ်အလောင်း ၁၉ လောင်းကို ယနေ့(သြဂုတ် ၁၅ ရက်) တွင် ရှာဖွေတွေ့ရှိကြောင်း ဖားကန့်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ဆင်ဟွာသို့ ပြောသည်။

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ကယ်ဆယ်ရေးဆောင်ရွက်စဥ် (ဓာတ်ပုံ-ဖားကန့်ဒေသခံတစ်ဦး)

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ကယ်ဆယ်ရေးဆောင်ရွက်စဥ် (ဓာတ်ပုံ-ဖားကန့်ဒေသခံတစ်ဦး)

“ဒီနေ့ (သြဂုတ် ၁၅ရက် ) နေ့လည် ၂ နာရီ ၃၀အချိန်ထိ ၁၉လောင်း ရှာဖွေရရှိထားပါပြီ၊ ယောကျာ်းလေးအလောင်းချည်းပဲ၊ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်ကိုင်နေတုန်းပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ သြဂုတ် ၁၃ ရက် ညနေ ၃ နာရီကျော်က ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃၀ကျော် ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

ယင်း မြေပြိုကျသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့အများအပြား ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ထိ ဆက်လက်လုပ်ကိုင်နေကြောင်း ဖားကန့်ဒေသခံ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မြေစာပုံပြိုကျမှုများ မကြာခဏဖြစ်ပွားပြီး အဆိုပါ ဖြစ်ရပ်များကြောင့် လူ အသေအပျောက် များစွာရှိခဲ့သည်။ (Xinhua)