Connect with us

Myanmar

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ဟိုတယ်တစ်ခု၏ ကားပါကင်ဝင်းအတွင်း မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀၀ )နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ဩဂုတ် ၁၅ ရက်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စိတ်ကြွဆေးပြား ၅,၀၀၀ နှင့်အတူ သံသယရှိသူ တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)