Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာမှာ မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေ (၁၆/၁/၂၀၂၅ – MRTV)

-မြန်မာ့စာပို့တံဆိပ်ခေါင်းများကို စုစည်းထားသည့် Myanmar Postage Stamps စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ (၁၆/၁/၂၀၂၅ – MRTV)

-သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ၌ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက် (၁၆/၁/၂၀၂၅ – MRTV)

-စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး (၁၆/၁/၂၀၂၅ – MRTV)

-သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ (၁၆/၁/၂၀၂၅ – MRTV)

-တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ငါးလုပ်ငန်းဦးစီးဌာန၏ ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (Forum) တက်ရောက် (၁၆/၁/၂၀၂၅ – MOI)

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက် (၁၆/၁/၂၀၂၅ – MOI)

-ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းများနှင့် အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေး (၁၆/၁/၂၀၂၅ – MOI)

-မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချောက်မြို့ ၆၆/၁၁ ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး (၁၆/၁/၂၀၂၅ – MOI)

-မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး (၁၆/၁/၂၀၂၅ – MOI)