Connect with us

Politics, Law & Military

ကွတ်ခိုင်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း ၁၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ ဟန်ရှန်ရွာပျက် အနီး၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ခြောက်လုံး၊ မီးစက် နှစ်လုံး၊ Gas အိုးအကြီး ၃ဝ လုံး၊ Gas အိုးအသေးတပ်လျက် ဖန်ပေါင်းချောင်အသေး လေးလုံးတွဲ ၁ဝ၅ စုံ(စုစုပေါင်း ၄၂ဝ လုံး)၊ Deep Freezar ၁ဝ လုံး၊ ဆေးပြားရိုက်စက် တစ်လုံး၊ စတီးဂက်စ်အိုး ၁ဝ လုံး၊ ဆေးပြားမွှေစက် သုံးခု၊ ဖန်ပေါင်းချောင် အကြီးရှစ်ခု၊ ၅ဝ ဂါလန်ဝင် အီသိုင်းအီသာ အမျိုးအစား သံပီပါ ၁၅ဝ လုံး၊ ၅ ဂါလန်ဝင် အက်စစ်ပုံး ၃၁၃ ပုံး၊ ၅ဝ ဂါလန်ဝင် အက်စစ်ပုံး ၃၈ဝ ပုံး၊၂၅ ကီလိုဂရမ်ပါ ကော့စတစ်ဆိုဒါ ၆၅၂ အိတ်၊ ၁၅ ကီလိုဂရမ်ပါ ဆူဒိုအက်ဖီ ဒရင်းဆေးပြား သုံးအိတ်၊ ၈ဝဝ ဂရမ်ပါ ကဖင်း ငါးထုပ်၊ အက်ဖီဒရင်း အမှုန့် ၁၃.၉ ကီလိုဂရမ်၊ ၈၈-၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၁,၂ဝဝ ပြား၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ဝဝဝ ပြား၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.