Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်စဉ်(MOFA)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် သုံးရက်ကြာကျင်းပမည့် “27th World Economic Forum on ASEAN” သို့ တက်ရောက်ရန် ယနေ့ နံနက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်ထိ “ASEAN 4.0: Entrepreneurship and the Fourth Industrial Revolution” ခေါင်းစဉ်ဖြင့် “27th World Economic Forum on ASEAN” ကျင်းပမည်ဖြစ်ကြောင် သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။

ကမ္ဘာ့ စီးပွားရေးဖိုရမ် (World Economic Forum – WEF) ကို ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် ၁၉၇၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ကြောင်း၊ ထို့အပြင် ကမ္ဘာတစ်ဝှမ်း စီးပွားရေး မတည်ငြိမ်မှု၊ ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်နှင့် ဆက်နွယ်မှု၊ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများက ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် လူမှုအသိုက်အဝန်းများသို့ ရိုက်ခတ်မှုများကို ဆွေးနွေးညှိနှိုင်း၍ အဖြေရှာရန် နိုင်ငံတကာအဆင့် အစည်းအဝေးများနှင့် ဒေသတွင်းအဆင့် အစည်းအဝေးများကို ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ World Economic Forum on East Asia ကို ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် လက်ခံကျင်းပခဲ့ဖူးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.