Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတက ယနေ့အကျဉ်းသား/သူ ၆၉၆၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၉၆၆ ဦးတို့ကို ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

ယင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် မြန်မာနိုင်ငံသားအကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် များပေး၍ ပြည်နှင်ဒဏ်ပေးခြင်း တို့ပါဝင်ပြီး ယင်းနိုင်ငံခြားသား အကျဉ်းသားများအနက် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနားခရိုင် တရားရုံး၌ အမိန့်ချမှတ်ခဲ့သော တရုတ်သစ်ခုတ်သမား ၁၅၅ ဦး ပါဝင်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့ အား နိုင်ငံတော် တည်ငြိမ် ရေးနှင့် ထာဝရငြိမ်းချမ်း မှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန် လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း ၊ နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက် ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့ကလည်း တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ထိန်းသိမ်း ခံထားရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့မှ ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ မူဆယ်ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့ ခရိုင်မှူး ဦးခင်မောင်ဦး နှင့် ဒုတိယ ခရိုင်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဝင်းလှိုင် တို့ထံ တရုတ် နိုင်ငံ အစိုးရမှ မြန်မာ နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.