Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မိသားစု ဇမ္ဗူသီရိ မြို့နယ် မဲရုံ ၁ တွင် မဲပေးမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဲပေးမည့် မဲရုံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မိသားစုသည် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ဇမ္ဗူသီရိ မြို့နယ် ဇေယျာသိဒ္ဓိ ရပ်ကွက်ရှိ မဲရုံ (၁) တွင် လာရောက် မဲပေးမည် ဖြစ်ကြောင်း သမ္မတရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပေးမည့် အဆိုပါ မဲရုံတွင် ယခင် ဆက်သွယ်ရေးဝန်ကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းလည်း မဲပေးမည် ဖြစ်သည်။

ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာရှိ မဲရုံ (၁) တွင် ယခင် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် ကြိုတင် မဲပေးထားပြီး ဖြစ်ကြောင်း သိရသည်။ယင်း မဲရုံတွင် ယခင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် အခြား အစိုးရအဖွဲ့ဝင် ၁၀ ဦးခန့်လည်း မဲပေးမည် ဖြစ်သည်။

နေပြည်တော် နယ်မြေ အတွင်းရှိ ဇေယျာသီရိ မြို့နယ်တွင် ကျေးရွာအုပ်စု ၁၇ စု အတွင်း မဲရုံ ၇၆ ရုံ ၌ မဲပေးပိုင်ခွင့်ရှိသူ ၇၃,၃၈၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျေးရွာအုပ်စု ၃၅ အတွင်း မဲရုံ ၇၅ ရုံ၌ မဲပေးပိုင်ခွင့်ရှိသူ ၆၉,၇၀၉ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာအုပ်စု ၁၀ စု အတွင်း မဲရုံ ၅၃ ရုံ၌ မဲပေးခွင့်ရှိသူ ၄၅,၆၁၁ ဦး၊ ဒက္ခိဏ သီရိတွင် ကျေးရွာ ၁၀ ရွာ မဲရုံ ၁၅ ရုံ ၌ မဲပေးပိုင်ခွင့် ရှိသူ ၂၂,၂၆၇ ဦးနှင့် ဇဗ္ဗူသီရိတွင် ကျေးရွာအုပ်စု ၁၄ မဲရုံ ၃၃ ရုံ မဲပေးပိုင်ခွင့်ရှိသူ ၅၈,၄၈၈ ဦး ဖြစ်သည်။

ဇေယျာသိရီ ၊ ပုဗ္ဗသီရိ ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိ ၊ တပ်ကုန်း၊ ပျဉ်းမနားနှင့် လယ်ဝေး မြို့နယ်များတွင် မဲပေးခွင့်ရှိသူ ၇၅၀,၄၄၁ ဦးရှိသည်။ (Xinhua)