Connect with us

Politics, Law & Military

နောင်ချိုမြို့နှင့် ဟိုပင်မြို့ တို့တွင် ကျပ်သိန်း ၈၉၃၉.၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နှင့် ဟိုပင်မြို့ တို့တွင် ကျပ်သိန်း ၈၉၃၉.၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၂၁ ရက်နေ့ ၁ရး၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကိုရှာဖွေရာ ခရီးသည် မြင့်သူ နှင့် မအေးဆိုင်မွမ်းတို့၏ ကော်ပုံး ၄ ပုံးနှင့် ခရီးဆောင်အိတ်အတွင်းတို့မှ ဘိန်းဖြူဆပ်ပြာခွက် ၆၆၀ ခွက်(ဘိန်းဖြူ အလေးချိန် ၇ .၂၆ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၈,၀၀၀ ပြား၊ ရွှေလက်ကောက် ၆ ကွင်း၊ MC ဟန်းချိန်းတစ်ခု၊ ရွှေဆွဲကြိုးတစ်ကုံး၊ ဆွဲသီးတစ်ခု၊ ရွှေလက်စွပ်လေးကွင်း၊ ရွှေနားကပ်တစ်ရံ၊ ငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ ၂၀း၀၀ နာရီ အချိန် မူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူ မနှင်းရီအား မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပင်မြို့၊ မြသီတာရပ်ကွက်၊ နယ်မြေ(၃)၊ နန်းချယ်ရီလမ်းနေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် မြင့်သူ(၅၁)နှစ်၊ မအေးဆိုင်မွမ်း (ခ)မသီရိခိုင်(၃၈)နှစ်နှင့် မနှင်းရီ(၄၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.