Connect with us

Politics, Law & Military

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Global Environmental Institute တို့နှင့် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ သုတေ သနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနတို့ ပူးတွဲ စီစဉ်သည့် “မြန်မာ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲ” ကို နေပြည်တော် Grand Amara Hotel ၌ ယနေ့နံနက်ပိုင်း စတင် ဖွင့်လှစ် ကျင်းပခဲ့သည်။

စွမ်းအင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများအတွက် မြန်မာနိုင်ငံက INDC (Intended Nationally Determined Contributions) ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန်၊ ကာဗွန် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အကောင်အထည်ဖော်ရာတွင် အသုံးပြုမည့် နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ (toolkit) ကို အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် သုတေသနဌာနများက ကောင်းစွာ သဘောပေါက် အသုံးပြုလာစေရန်၊ အဆိုပါ toolkit ကို အသုံးပြုပြီး နမူနာ စီမံကိန်းတစ်ခု လျာထား ဆွေးနွေး အဖြေရှာခြင်းနှင့် နည်းပညာဆိုင်ရာ ဖလှယ်ခြင်းများ ဆောင်ရွက်ရန်၊ အခြားသော မဲခေါင်နိုင်ငံများ၏ INDC အကောင်အထည်ဖော်ဆောင်ရေးအတွက် Toolkit အသုံးပြုခြင်းကို တိုးမြှင့် ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် နှစ်ရက်တာ ပြုလုပ်မည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ သုတေ သနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ဦးစီး ဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာန၊ စက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Chinese Academy of Sciences မှ ဖိတ်ကြားထားသော ပါမောက္ခများ၊ Global Environmental Institute မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူများ၊ ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ဖိတ်ကြားထားသော ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသင်းတို့မှ ဖိတ်ကြားထားသော ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

Chinese Academy of Sciences မှ Prof. Yi WANG အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

Global Environmental Institute, China မှ Executive Director Mme, Jiaman JIN အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ASEAN Inter-Parliamentary Assembly Deputy Secretary General Mr. Mario Pandu Dewono အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး သုတေ သနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက “ကာဗွန် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အကောင် အထည်ဖော်ရာတွင် အသုံးပြုမည့် နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ (toolkit) သင်တန်း ပို့ချခြင်း၊ Toolkit ကို အသုံးပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာ ၊ သို့မဟုတ် တိုင်းဒေသကြီး တစ်ခုမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များ အကဲဖြတ်ခြင်း၊ အလားအလာကောင်းတဲ့ စွမ်းအင် အရင်းအမြစ်ကို အခြေပြုပြီး သုံးစွဲနိုင်မယ့် စွမ်းအင် ပမာဏ လေ့လာခြင်း၊ Financing Mechanism ကို ဒီဇိုင်း ပြုလုပ်ခြင်းနဲ့ လိုအပ် တဲ့ မူဝါဒဆိုင်ရာများ ချမှတ်ပေးခြင်း စတာတွေကို အမျိုးသား အဆင့်၊ သို့မဟုတ် တိုင်းဒေသကြီး အဆင့် Pilot Project ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံရဲ့ ကာဗွန် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အကောင်အထည်ဖော် ဆောင်ရွက်ရေး မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း စတဲ့ ရလဒ်ကောင်း တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ထို့အတူ Chinese Academy of Sciences မှ Prof. Yi WANG တရုတ်နိုင်ငံသည် စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်ဆဲ တခြားနိုင်ငံတွေ၊ ဖွံ့ဖြိုး တိုးတက်ဖို့ အလားအလာ ရှိတဲ့ နိုင်ငံတွေနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ကာဗွန် သုံးစွဲမှု လျှော့ချရေး စီမံကိန်း အတွေ့အကြုံ့တွေကို မြန်မာနိုင်ငံကို မျှဝေသွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် နည်းလမ်းအသစ်များကိုလည်း ဆွေးနွေးနိုင်မည့်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

ASEAN Inter-Parliamentary Assembly မှ Deputy Secretary General Mr. Mario Pandu Dewono ကလည်း အာဆီယံဒေသတွင်း စွမ်းအင်လိုအပ်မှုက ၈၀ ရာခိုင်နှုန်း ပိုများလာကြောင်း မြန်မာနိုင်ငံအနေနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် အာဆီယံ အသိုက်အဝန်းအတွင်း ပါဝင် ဆောင်ရွက်ခြင်းကြောင့် မြန်မာ့ ရွှေ့ပြောင်း လုပ်သားများအတွက်လည်း ပြည်ဝင်ခွင့်များ ကောင်းမွန် နိုင်ကြောင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ အသုံးပြုနိုင်ရန် ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာများကို အာဆီယံနိုင်ငံများအကြား မျှဝေကြရန်လိုကြောင်း သုံးသပ်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.