Connect with us

Politics, Law & Military

ဖုန်း ငွေဖြည့်သည့်အခါ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်မည်

ရန်ကုန် ၊ မေ၁၈ရက် (ဆင်ဟွာ)
ဇွန်လ ၁ ရက်နေ့မှ စတင်၍ မိုဘိုင်း ဖုန်းအသုံးပြုသူ အားလုံးသည် ဖုန်းငွေဖြည့်ကဒ် ဝယ်ယူ၍ ငွေဖြည့်သည့် အခါ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ပေးဆောင်ရန် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖုန်း ငွေဖြည့်ကဒ ်ဝယ်ယူ ဖြည့်စဉ် ဖြတ်တောက်မည့် ၅ ရာခိုင်နှုန်းသည် အော်ပရေတာ ကုမ္ပဏီများမှ ပြည်ထောင်စု အစိုးရ ကိုယ်စား သုံးစွဲသူများထံမှ ဖြတ်တောက်သွားမှာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဖုန်း ဆင်းကဒ် ဝယ်ယူခြင်းနှင့် ဖုန်းငွေဖြည့်ခြင်း များအတွက် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည့် အစီအစဉ်တွင် မြန်မာ နိုင်ငံရှိ အော်ပရေတာများ ဖြစ်သည့် MPT၊ Telenor ၊ Ooredoo တို့အားလုံး ပါဝင်မှာ ဖြစ်ပြီး အော်ပရေတာများ အနေဖြင့်လည်း သုံးစွဲသူများကဲ့သို့ ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကောက်ခံခြင်းသည် ၂၀၁၅/၂၀၁၆ ပြည်ထောင်စု အခွန်ဥပဒေအရ ကောက်ခံခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က စတင်ကောက်ခံသွားမှာဖြစ်ကြောင်း သိရသည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.