Connect with us

Politics, Law & Military

သမ္မတနှင့် နိုင်ငံရေးပါတီ ၇၁ ပါတီ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အတွက် တွေ့ဆုံ ဆွေးနွေး

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အဖွင့် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၇၁ ပါတီတို့သည် ရန်ကုန်တိုင်း ဒေသကြီး အစိုးအဖွဲ့ရုံးတွင် ယနေ့ ညနေ ၄ နာရီ၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၇၁ ပါတီမှ ၁၃၇ ဦး တက်ရောက်ပြီး ဆွေးနွေး တင်ပြလိုသည့် နိုင်ငံရေး ပါတီတစ်ခုချင်းစီမှ နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့ထံ ပါတီ တစ်ခုလျှင် ငါးမိနစ်ဆီ တင်ပြ ဆွေးနွေးခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား ညီလာခံ သဘောထားများကို နားထောင်လိုကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များကို ပြင်ဆင်လိုကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ အဆင်သင့်ဖြစ်လျှင် အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် အသင့်ရှိကြောင်း ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

သမ္မတနှင့် နိုင်ငံရေးပါတီ ၇၁ ပါတီတွေ့ ဆုံပွဲ မြင်ကွင်း (ဆင်ဟွာ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပါတီများ အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။
ယင်းဆွေးနွေးပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲကာလ လုံခြုံရေး အရေးကြီးသဖြင့် လုံခြုံမှုရှိစေရန် အပြည့်အဝ ဆောင်ရွက် ပေးလိုကြောင်းနှင့် လုံခြုံရေး မတည်ငြိမ်သော နေရာများတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိမရှိစသည်များကို ဆွေးနွေးခဲ့သည်။
နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ပါတီများသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ပထမ အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.