Connect with us

Politics, Law & Military

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)အား ပြည်သူများ လာရောက် လေ့လာ ကြည့်ရှု


ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)တွင် ယနေ့ဇူလိုင် ၁၉ ရက်မှ ၂၁ရက်အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် အထူးပြပွဲများကို ခင်းကျင်း ပြသ လျက် ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နေထိုင်သွားလာလှုပ်ရှားမှု ဓာတ်ပုံ မှတ်တမ်းများ၊ ဗီဒီယို ပြကွက်များဖြင့် ခင်းကျင်းပြသထားကြောင်း သိရသည်။

လှိုင်သာယာ မြို့နယ်မှ လာရောက်သော ကိုအောင်မျိုးက “ဒီနှစ်ကတော့ ကျွန်တော်မှာ သမီး ၂ ယောက် ရှိပါတယ်။ အကြီးဆုံးက ၃ တန်းပေါ့။ သူကို အဓိက လိုက်ပြတာပါ။အာဇာနည် ဆိုတာ ဘယ်လိုမျိုး ပေးဆပ်မှု ရှိတယ် ဆိုတာကို သူ့ကို အတုယူ စေချင်တဲ့ ဆန္ဒနဲ့ လိုက်ပို့ပေးတာပါ။ပြတိုက်ကိုတော့ နှစ်တိုင်းလိုလို ရောက်ဖြစ်ပါတယ်။ အာဇာနည်နေ့ကတော့ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု တစ်ခုကို နှစ်စဉ် သတိ ပြန်ပြန် ရပါတယ်။”ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)သို့လာရောက် လေ့လာ ကြည့်ရှုသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ကြံ့ခိုင်မှုအနေအထားကြောင့် လာရောက်လေ့လာသူများပြားသည့် အာဇာနည်နေ့ တွင်မူ အပေါ်ထပ်သို့ တက်ရောက်ခွင့်ပြုမည် မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် နေအိမ် အပေါ်ထပ်ရှိအခန်းများ၏ မြင်ကွင်းအခြေအနေကို LED T.V ဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း(တာဝါ လိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့ နှင့် အစိုးရရုံးပိတ်ရက်မှလွဲ၍ ကျန်ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပုံမှန် ဖွင့်လှစ်ပြသလျက် ရှိရာမှ အာဇာနည်နေ့ အခမ်းအနား အတွက် ထိုကဲ့သို့စီစဉ်လျက် ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ပြည်သူများ လာရောက် လေ့လာ ရာတွင် ကင်မရာ အမျိုးမျိုး ၊ လက်ကိုင်ဖုန်း အမျိုးမျိုး ၊ဗီနိုင်းစ အမျိုးမျိုး ၊ ပုလင်း/ဘူးအမျိုးမျိုး ၊ အလံအမျိုးမျိုး ၊ အလံကိုင်ဆောင်ရာတွင် အသုံး ပြုသည့် တုတ်နှင့်သံပိုက်/ကော်ပိုက်များ ၊ မီးခြစ်အမျိုးမျိုး၊ လက်ကိုင်အိတ် အမျိုးမျိုးကို ယူဆောင်ခွင့် ကန့်သတ် ထားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ၊ နှစ် (၇ဝ)ပြည့် အာဇာနည်နေ့ တစ်ရက်တည်း၌ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လေ့လာ ကြည့်ရှုသူ ပြည်သူ ၃၂၂၆၈ ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.