Connect with us

Politics, Law & Military

မိုးညှင်းမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံအားတွေ့ရစဉ် (CCDAC Mynamar)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာ၊ ရပ်ကွက်(၁)၌ အောက်တိုဘာလ ၃ ရက်တွင် 88/1 ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၄၂ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် ၉,၂၁၀,၀၀၀ )တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း ၍ ကွင်းဆက်ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး ဖားကန့်မြို့မ ရဲစခန်း မယ(ပ)၂၁၀/၂၀၁၈၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.